Home » News » ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်

၂၀၁၇-၂၀၁၈ ပညာသင်နှစ် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်

၂၀၁၇-၂၀၁၈ ပညာသင်နှစ် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်

IMG_20180904_145645 IMG_20180904_145704

၂၀၁၇-၂၀၁၈ ပညာသင်နှစ် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရွေးကောက်ပွဲကို       (၅-၉-၂၀၁၈) ရက်နေ့တွင် မဲရုံ (၂) ရုံခွဲ၍ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မဲရုံ (၁) ကို တက္ကသိုလ် ဓမ္မာရုံတွင်ကျင်းပပြုလုပ်ပြီး ဝိဇ္ဇာအထူးပြုအားလုံးနှင့် ဘူမိဗေဒ၊ ဇီဝဓာတုဗေဒနှင့်အဏုဇီဝဗေဒ အထူးပြု ကျောင်းသားကျောင်းသူများ မဲပေးနိုင်မည်ဖြစ်သည်။

မဲရုံ (၂) ကို သိပ္ပံသုတေသနဌာန(URC)တွင် ကျင်းပပြုလုပ်ပြီး ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ အထူးပြု ကျောင်းသားကျောင်းသူများ မဲပေးနိုင်မည်ဖြစ်သည်။

(၅-၉-၂၀၁၈) ရက် နံနက် (၀၈:၀၀) နာရီမှ ညနေ (၀၄:၀၀) နာရီအထိ မဲပေးနိုင်မည်ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ရွေးချယ်ပေးရန် ကျောင်းသားကျောင်းသူတိုင်းတွင်တာဝန်ရှိသည်။

ကျောင်းသား ကျောင်းသူများမဲပေးနိုင်ရန်အတွက် ကျောင်းသားကဒ်များယူဆောင်လာရန် လိုအပ်ပါသည်။

မဲများကို ညနေ (၀၄:၀၀) နာရီ မဲရုံပိတ်သိမ်းချိန်မှစတင်၍ ပွင့်လင်းမြင်သာစွာဆောင်ရွက်ပြီး ရေတွက်မည်ဖြစ်သည်။



Back